ရဲရဲမုန်း
ပွင့်ပြီပဲ
ရဲရဲပွင့်
ငုံအဆင့်
ထုံဝတ်က
သင်းလို့ပျံ
ရင့်ယော်ကြွေ
မြေကိုမှန်း
အခြေနေ
မဆန်းတော့
လေပွေရယ်
ရမ်းလေပေါ့။
ချစ်ပြီပဲ
ရဲရဲချစ်
မယုံသင့်
ယုံသင့်လဲ
ပုံမချစ်နဲ့
မရင့်ကြွေ
မယော်နွမ်း
အခြေနေ
မမှန်တော့
လေပွေတိုး
မကျိုးနိုင်
နေခြည်ထိုး
မညှိုးနိုင်။
မုန်းပြီပဲ
ရဲရဲမုန်း
အတွေးဆုံး
ဗြုန်းဆိုတွေ့
မှားအပြည့်
ဆုံးဖြတ်ရစ်
မုန်းမရပ်သင့်။ ။
No comments:
Post a Comment