01 May 2008

လွမ်းချင်လွမ်းရက်အလွမ်းခက်သူ

အမှတ်တရ
ကိုယ်စားထားရစ်
ခွဲပစ်ခက်ပြီ
အလွမ်းတောမှာ
မပျော်သောက
ရင်မှာရလည်း
အိပ်ပျက်ညတာရှည်ခဲ့ပြီ........

မလွမ်းရဲပေမယ့်
မင်းလမ်းခွဲခဲ့တာပဲ
ကျွမ်းနေတဲ့အသည်းဟာ
ငရဲခန်းလား
အထင်မှားတွေ
စိတ်မှာဝင်ငြိ
မချိတရိနဲ့
ရယ်ပွဲဖွဲ့ခဲ့တဲ့
ရက်တွေအတွက်
အခက်ဇောပွေ
ရတက်ပွေမျက်ဖြေလင်္ကာလား
အတွေးမှား
ဘေးစကားတွေမယုံချင်ပါ.........

ကလေးကလား
တွေးကာထားလို့
မလေးစားတဲ့
အတွေးတွေ
ရင်မှာဝင်လာတိုက်စား
ရန်များတဲ့အခိုက်မှာတောင်မှ
လွမ်းချက်မပြေ
တန်းသက်သေပြချင်ငဲ့
ခက်တယ်သခင်
မျက်တယ်လို့ထင်မှာပါ
တေးထားတဲ့
အမှတ်သားကလေ
ကြေးများတဲ့ဘတ်စကားလိုပဲ
ရပ်ချင်လိုရပ်
ထွက်ချင်လိုထွက်တဲ့အခါ
ငါ.....ဘာတတ်နိုင်မှာလဲ
ကွယ်......တကယ်ပါချစ်သည်းရယ်။ ။

No comments: