(ဘာနဲ့မှစားလို့မရတဲ့အခါသုညနဲ့မြှောက်ပစ်လိုက်တယ်
အေးရော . . . )
ရင်တွေကွဲပေါင်း
များလှပြီ
မခံစားနိုင်တော့လို့...........
ကြောက်လှပါပြီကံတရားရေ
ပြန်စားမရတဲ့အဆုံး
သုညနဲ့မြှောက်ပစ်ခဲ့ပေါင်းလဲ
အကြိမ်ကြိမ်ပါပဲ..................
ပြန်မပြောချင်တဲ့
သံယောဇဉ်ဘ၀ကို
ရှင်ခန်း၊သေခန်း
ဖြတ်သန်းလာတဲ့အခါ
ကြေကွဲဆို့နင့်
ရင်ကအချစ်တွေ
မြင်သမျှအဖြစ်တွေဟာ
ကိုယ်ဆိုးတာလဲပါရဲ့
ကံဆိုးတာလဲပါခဲ့
ဟုတ်ပါတယ်.......
ခနဲ့တဲ့တဲ့မပြုံးပါနဲ့
အရှုံးနဲ့ပါ
ကံကြမ္မာရယ်။ ။
No comments:
Post a Comment