01 May 2008

နှင်းဝေတဲ့ဆောင်း

နှင်းတွေဝေပြန်ပြီ
လာပြန်ပေါ့ဒီတဆောင်း
နှစ်ထောင်းအားရမဖြစ်မိပါ
အိုချစ်သောနှင်း...........

ဝေတာပဲလား
ဝေချင်ယောင်ပဲဆောင်တာလား
အတွေးများစွာ
တွေးရအောင်ထားခဲ့
ဝေးရအောင်ဆိုတဲ့အသိတွေ
ရင်ခွင်ကိုဝင်လာငြိပေါ့
သတိတွေအထပ်ထပ်ရ
အမြတ်မရလဲနေ
အမှတ်တရလဲလေ
မလိုချင်ပါဆောင်းသခင်..........

မနှောင်းခင်အချိန်လေးမှာ
ပြန်ပြောင်းကာဆင်ခြင်ပေါ့
တရားသဘောမှာ
မာနသရုပ်ကို
ပကာသနလုပ်ပြီး
သဘာဝပါလို့.........
အတင်းငြင်းယင်လဲ
မင်းကိုပင်အနိုင်ပေးလို့
ငွေအဆင်းနဲ့ရေပြင်တင်းတင်းပေါ်
ပျော်ရှာလေတဲ့
အို....ချစ်သောနှင်း..........

ဒီတဆောင်းကို
ပြန်ပြောင်းမတွေးချင်
အဟောင်းတွေကိုသာ
အစုတ်လို့မြင်
အကောင်းထင်မရတော့
အလွမ်းပင်ဟာ
တမ်းတယင်းနဲ့သေ
မှန်းဆယင်းနဲ့ကြွေ
ကျွမ်းဝင်သူသက်ထား
အခက်ပွေရတက်တွေကြားမှာ
ပြုံးပျော်နိုင်လားဟင်
ဆောင်းသခင်............

No comments: