ဘာလိုလိုနဲ့
တစ်ဆောင်းကုန်သွားဖြစ်ပေါ့
ရောက်လာပြန်နွေအခါ
လေပြည်ကသုတ်ဖြူး
ခုချိန်ခါချစ်ဇတ်လမ်းဝယ်
မျောလိမ့်တော့မူး...........
အသက်ကမငယ်
ကြီးတောင့်ကြီးမား
အချိန်များစွာ
ဖြတ်သန်းသွားခဲ့
နေ့နေ့ရက်ရက်
ကုန်နေခက်ပွေ
လွမ်းသောကတွေ
ရင်မှာဝေလျှက်
အနေခက်စေ................
ဆောင်းကုန်နွေကူး
ဂိန္မာန်ဦးမှာ
လွမ်းတမ်းတရစ်
ဆောင်းနှင့်နွေ
ပြောင်းသင့်လေလား
မှုန်ရီဝို့ဝါး
အတွေးများမှာ
ထားရစ်ရက်သူ
တမ်းတပူစေ
ရင်ခွင်မှာလေ
နေဆယ်စင်း...............
နေ့ပူညချမ်းနေခဲ့
တပေါင်းလသရမ်းမှ
မရောက်သေးပဲလေ
စိုးနှောင့်ဗျာပွေ
တမ်းတဝေလျှက်
အနေခက်ထင့်
နှင်းစက်လွင့်ပျယ်
နေခြည်နယ်မှာ
ကွယ်ပျောက်သွားစမ်း
ဖေဖေါ်ဝါရီမနက်လမ်းမှာ
တမ်းတစရာအစုံနဲ့
နွမ်းလျကဗျာတွေ
ဆုံချိန်ကျတော့
မမေ့မလျော့
အ၀ါရောင်နှင်းဆီ
ပန်းတစည်းနဲ့
မင်းဆီကိုယ်လာခဲ့မယ်ပါ့
လွမ်းဖွဲ့နှောင်ထုံးခဲ့
ကျွမ်းသက်နောင်ရှုံး.............။ ။
01 May 2008
လွမ်းချင်လွမ်းရက်အလွမ်းခက်သူ
အမှတ်တရ
ကိုယ်စားထားရစ်
ခွဲပစ်ခက်ပြီ
အလွမ်းတောမှာ
မပျော်သောက
ရင်မှာရလည်း
အိပ်ပျက်ညတာရှည်ခဲ့ပြီ........
မလွမ်းရဲပေမယ့်
မင်းလမ်းခွဲခဲ့တာပဲ
ကျွမ်းနေတဲ့အသည်းဟာ
ငရဲခန်းလား
အထင်မှားတွေ
စိတ်မှာဝင်ငြိ
မချိတရိနဲ့
ရယ်ပွဲဖွဲ့ခဲ့တဲ့
ရက်တွေအတွက်
အခက်ဇောပွေ
ရတက်ပွေမျက်ဖြေလင်္ကာလား
အတွေးမှား
ဘေးစကားတွေမယုံချင်ပါ.........
ကလေးကလား
တွေးကာထားလို့
မလေးစားတဲ့
အတွေးတွေ
ရင်မှာဝင်လာတိုက်စား
ရန်များတဲ့အခိုက်မှာတောင်မှ
လွမ်းချက်မပြေ
တန်းသက်သေပြချင်ငဲ့
ခက်တယ်သခင်
မျက်တယ်လို့ထင်မှာပါ
တေးထားတဲ့
အမှတ်သားကလေ
ကြေးများတဲ့ဘတ်စကားလိုပဲ
ရပ်ချင်လိုရပ်
ထွက်ချင်လိုထွက်တဲ့အခါ
ငါ.....ဘာတတ်နိုင်မှာလဲ
ကွယ်......တကယ်ပါချစ်သည်းရယ်။ ။
ကိုယ်စားထားရစ်
ခွဲပစ်ခက်ပြီ
အလွမ်းတောမှာ
မပျော်သောက
ရင်မှာရလည်း
အိပ်ပျက်ညတာရှည်ခဲ့ပြီ........
မလွမ်းရဲပေမယ့်
မင်းလမ်းခွဲခဲ့တာပဲ
ကျွမ်းနေတဲ့အသည်းဟာ
ငရဲခန်းလား
အထင်မှားတွေ
စိတ်မှာဝင်ငြိ
မချိတရိနဲ့
ရယ်ပွဲဖွဲ့ခဲ့တဲ့
ရက်တွေအတွက်
အခက်ဇောပွေ
ရတက်ပွေမျက်ဖြေလင်္ကာလား
အတွေးမှား
ဘေးစကားတွေမယုံချင်ပါ.........
ကလေးကလား
တွေးကာထားလို့
မလေးစားတဲ့
အတွေးတွေ
ရင်မှာဝင်လာတိုက်စား
ရန်များတဲ့အခိုက်မှာတောင်မှ
လွမ်းချက်မပြေ
တန်းသက်သေပြချင်ငဲ့
ခက်တယ်သခင်
မျက်တယ်လို့ထင်မှာပါ
တေးထားတဲ့
အမှတ်သားကလေ
ကြေးများတဲ့ဘတ်စကားလိုပဲ
ရပ်ချင်လိုရပ်
ထွက်ချင်လိုထွက်တဲ့အခါ
ငါ.....ဘာတတ်နိုင်မှာလဲ
ကွယ်......တကယ်ပါချစ်သည်းရယ်။ ။
နှင်းစက်ရေ
နှင်းစက်ရေ.......
ချွင်းချက်မထားပဲ
မင်းထွက်သွားတဲ့အခါ
နေသာမှာကိုမလိုတမာ
အတ္တစိတ်တွေများနဲ့
မှားခဲ့တဲ့အခါမှာ
တမ်းတစရာဟာလေ
လွမ်းစရာ့ကဗျာပါကွယ်.........
ရည်လို့သာမျှော်တွေး
အလွမ်းငေးမောခြင်းနဲ့
တမ်းတတွေးတောခြင်းတွေ
မင်းတမင်ပစ်ထား
ထွက်သွားသလား
အောက်မေ့သတိရ
တမ်းတရအောင်
ဒီလူ့ရင်ကို....ခွဲ
အသည်းနှုတ်ယူ
လွမ်းသောကတွေပူစေ.....ရယ်လို့
နှုတ်မဆက်ပဲ
ပြုတ်ထွက်သွားတဲ့လက်တွဲ
အမြဲငေးမော
တွေးတောနေရ
ဘ၀ဟာခဏဆိုပေမယ့်
တခါတခါ..သိပ်ကြာပေါ့
အက်ဆစ်တစက်ပါပဲ
ရင်ထဲမှာတမြည့်မြည့်
လှိုက်စား............
သောကနဲ့ဗျာပါဒကြားမှာ
ငါဟာေ၀၀ါး............
တရားသဘောနဲ့
မှားသောမှားသော
လို့မှတ်ယင်း
တရားမနိုင်ယိမ်းယိုင်လာတဲ့အခါ
မင်းပုံရိပ်ပဲပေါ်လာ
ပျော်စရာတွေ့လဲ
ရင်မှာမချိ.......
အတူတူပျော်မိတဲ့ရက်တွေ
သက်သေနဲ့ရတက်ပွေအပူပွား
လူမှားတာပဲဖြစ်ပါစေလို့
မပြည့်ခဲ့လေတဲ့ဆုတောင်း
အလွမ်းကြောင်း.....ဟာရှည်ပြီထင့်
တွေးမောမျောနစ်
အလွမ်းစစ်တို့
ကျွမ်းရစ်ရအောင်
ဒီကောင့်ရင်ထဲ
အမြဲနင်ရှိ...ဒါပေမယ့်လေ
ခွဲခဲ့ပြီတည့်.......။ ။
ချွင်းချက်မထားပဲ
မင်းထွက်သွားတဲ့အခါ
နေသာမှာကိုမလိုတမာ
အတ္တစိတ်တွေများနဲ့
မှားခဲ့တဲ့အခါမှာ
တမ်းတစရာဟာလေ
လွမ်းစရာ့ကဗျာပါကွယ်.........
ရည်လို့သာမျှော်တွေး
အလွမ်းငေးမောခြင်းနဲ့
တမ်းတတွေးတောခြင်းတွေ
မင်းတမင်ပစ်ထား
ထွက်သွားသလား
အောက်မေ့သတိရ
တမ်းတရအောင်
ဒီလူ့ရင်ကို....ခွဲ
အသည်းနှုတ်ယူ
လွမ်းသောကတွေပူစေ.....ရယ်လို့
နှုတ်မဆက်ပဲ
ပြုတ်ထွက်သွားတဲ့လက်တွဲ
အမြဲငေးမော
တွေးတောနေရ
ဘ၀ဟာခဏဆိုပေမယ့်
တခါတခါ..သိပ်ကြာပေါ့
အက်ဆစ်တစက်ပါပဲ
ရင်ထဲမှာတမြည့်မြည့်
လှိုက်စား............
သောကနဲ့ဗျာပါဒကြားမှာ
ငါဟာေ၀၀ါး............
တရားသဘောနဲ့
မှားသောမှားသော
လို့မှတ်ယင်း
တရားမနိုင်ယိမ်းယိုင်လာတဲ့အခါ
မင်းပုံရိပ်ပဲပေါ်လာ
ပျော်စရာတွေ့လဲ
ရင်မှာမချိ.......
အတူတူပျော်မိတဲ့ရက်တွေ
သက်သေနဲ့ရတက်ပွေအပူပွား
လူမှားတာပဲဖြစ်ပါစေလို့
မပြည့်ခဲ့လေတဲ့ဆုတောင်း
အလွမ်းကြောင်း.....ဟာရှည်ပြီထင့်
တွေးမောမျောနစ်
အလွမ်းစစ်တို့
ကျွမ်းရစ်ရအောင်
ဒီကောင့်ရင်ထဲ
အမြဲနင်ရှိ...ဒါပေမယ့်လေ
ခွဲခဲ့ပြီတည့်.......။ ။
နှင်းဝေတဲ့ဆောင်း
နှင်းတွေဝေပြန်ပြီ
လာပြန်ပေါ့ဒီတဆောင်း
နှစ်ထောင်းအားရမဖြစ်မိပါ
အိုချစ်သောနှင်း...........
ဝေတာပဲလား
ဝေချင်ယောင်ပဲဆောင်တာလား
အတွေးများစွာ
တွေးရအောင်ထားခဲ့
ဝေးရအောင်ဆိုတဲ့အသိတွေ
ရင်ခွင်ကိုဝင်လာငြိပေါ့
သတိတွေအထပ်ထပ်ရ
အမြတ်မရလဲနေ
အမှတ်တရလဲလေ
မလိုချင်ပါဆောင်းသခင်..........
မနှောင်းခင်အချိန်လေးမှာ
ပြန်ပြောင်းကာဆင်ခြင်ပေါ့
တရားသဘောမှာ
မာနသရုပ်ကို
ပကာသနလုပ်ပြီး
သဘာဝပါလို့.........
အတင်းငြင်းယင်လဲ
မင်းကိုပင်အနိုင်ပေးလို့
ငွေအဆင်းနဲ့ရေပြင်တင်းတင်းပေါ်
ပျော်ရှာလေတဲ့
အို....ချစ်သောနှင်း..........
ဒီတဆောင်းကို
ပြန်ပြောင်းမတွေးချင်
အဟောင်းတွေကိုသာ
အစုတ်လို့မြင်
အကောင်းထင်မရတော့
အလွမ်းပင်ဟာ
တမ်းတယင်းနဲ့သေ
မှန်းဆယင်းနဲ့ကြွေ
ကျွမ်းဝင်သူသက်ထား
အခက်ပွေရတက်တွေကြားမှာ
ပြုံးပျော်နိုင်လားဟင်
ဆောင်းသခင်............
လာပြန်ပေါ့ဒီတဆောင်း
နှစ်ထောင်းအားရမဖြစ်မိပါ
အိုချစ်သောနှင်း...........
ဝေတာပဲလား
ဝေချင်ယောင်ပဲဆောင်တာလား
အတွေးများစွာ
တွေးရအောင်ထားခဲ့
ဝေးရအောင်ဆိုတဲ့အသိတွေ
ရင်ခွင်ကိုဝင်လာငြိပေါ့
သတိတွေအထပ်ထပ်ရ
အမြတ်မရလဲနေ
အမှတ်တရလဲလေ
မလိုချင်ပါဆောင်းသခင်..........
မနှောင်းခင်အချိန်လေးမှာ
ပြန်ပြောင်းကာဆင်ခြင်ပေါ့
တရားသဘောမှာ
မာနသရုပ်ကို
ပကာသနလုပ်ပြီး
သဘာဝပါလို့.........
အတင်းငြင်းယင်လဲ
မင်းကိုပင်အနိုင်ပေးလို့
ငွေအဆင်းနဲ့ရေပြင်တင်းတင်းပေါ်
ပျော်ရှာလေတဲ့
အို....ချစ်သောနှင်း..........
ဒီတဆောင်းကို
ပြန်ပြောင်းမတွေးချင်
အဟောင်းတွေကိုသာ
အစုတ်လို့မြင်
အကောင်းထင်မရတော့
အလွမ်းပင်ဟာ
တမ်းတယင်းနဲ့သေ
မှန်းဆယင်းနဲ့ကြွေ
ကျွမ်းဝင်သူသက်ထား
အခက်ပွေရတက်တွေကြားမှာ
ပြုံးပျော်နိုင်လားဟင်
ဆောင်းသခင်............
ရှင်သန်ခြင်းနယ်ပယ်ကဖြူလွလွစပယ်
ဟယ်......ကြည်စမ်း.......
ငါ့ ရင် က ဥယျာဉ်နန်းမှာ....
သင်း ကြည်ချိုမြ
နှင်းဆီလိုမ လှပေမယ့်
အ ပြစ်ကင်း စင် တဲ့
ဖြူ နွဲ့ နွဲ့ စပယ်
ကလေးငယ်အလား
တရား ထဲ မှာ မပါ
ချစ်ကြည်စွာဖူးလာခဲ့........
ချို ကြည် သင်း ရီ တဲ့
ဖြူ လဲ့ လဲ့ စပယ်ဟာ
နှ လုံး သားရဲ့နယ် ပယ်မှာ
ခိုင်မြဲစွာ တွယ်တာ
ပန်း က မ္ဘာမှာ လေ
လွမ်း စရာ တွေ မတွေး ချင်
ငေး နေ ရ ယင် ကျေ နပ်ရဲ့.......
တော် မ ၀င် လူ မသုံးပေ မယ့်
မူ မပြုံးတတ် ပါ ဘု
ညု တု တု ခရာ တာတာ
မြူဆွယ် ဖို့ ရည်ရွယ် တဲ့ အကြည့်တွေ
ကင်း မဲ့ နေ ပေမယ့်
သူ့ ရဲ့ ဖြူ စင် မှု အလှတရား
ဘယ် သူ များ ငြင်း နိုင်လဲ...........
မာန မရှိ
သင်းပျံထုံမွှေး
ရင်ထဲအေးတဲ့
ဖြူစင်ခြင်း အနှစ်နဲ့
ချစ်ယောင်ဆောင်ခြင်း မရှိ
ပကတိ ဖြစ်တည် ခြင်းနဲ့
ဖြူ စင်ခြင်း အလျှင်းသာ ရယ်။ ။
ငါ့ ရင် က ဥယျာဉ်နန်းမှာ....
သင်း ကြည်ချိုမြ
နှင်းဆီလိုမ လှပေမယ့်
အ ပြစ်ကင်း စင် တဲ့
ဖြူ နွဲ့ နွဲ့ စပယ်
ကလေးငယ်အလား
တရား ထဲ မှာ မပါ
ချစ်ကြည်စွာဖူးလာခဲ့........
ချို ကြည် သင်း ရီ တဲ့
ဖြူ လဲ့ လဲ့ စပယ်ဟာ
နှ လုံး သားရဲ့နယ် ပယ်မှာ
ခိုင်မြဲစွာ တွယ်တာ
ပန်း က မ္ဘာမှာ လေ
လွမ်း စရာ တွေ မတွေး ချင်
ငေး နေ ရ ယင် ကျေ နပ်ရဲ့.......
တော် မ ၀င် လူ မသုံးပေ မယ့်
မူ မပြုံးတတ် ပါ ဘု
ညု တု တု ခရာ တာတာ
မြူဆွယ် ဖို့ ရည်ရွယ် တဲ့ အကြည့်တွေ
ကင်း မဲ့ နေ ပေမယ့်
သူ့ ရဲ့ ဖြူ စင် မှု အလှတရား
ဘယ် သူ များ ငြင်း နိုင်လဲ...........
မာန မရှိ
သင်းပျံထုံမွှေး
ရင်ထဲအေးတဲ့
ဖြူစင်ခြင်း အနှစ်နဲ့
ချစ်ယောင်ဆောင်ခြင်း မရှိ
ပကတိ ဖြစ်တည် ခြင်းနဲ့
ဖြူ စင်ခြင်း အလျှင်းသာ ရယ်။ ။
တပြည်သူသက်ထားရေ
(တချိန်တုန်းကပေါ့အလွမ်းဇတ်လမ်းတပုဒ်ပါမှတ်တမ်းသရုပ်မပြီပြင်တော့တဲ့
မှတ်တမ်းလား ဒါ မှ မဟုတ်ဇတ်လမ်းလား........မေးချင်ပါရဲ့)
ချစ်တဲ့သခင်
အလွမ်းပင်ပျိုး
အနမ်းမိုးတွေ
သည်းပြီးတဲ့ခဏ.....
ခွဲကြရမယ်ကြိုတင်သိ
မချိတင်ကဲရင်က
ဖြေသာစရာလေ
နေရာမတွေ့ခဲ့ပါ.....၊
တပြည်သူမောင့်အချစ်ရေ
အတွေးတွေထွေပြားစဉ်ခဏ
ချစ်လိုက်မိတာပဲကို့ကိုကိုယ်
အပြစ်တင်၊အချစ်ဝင်ကြည်ဖြူတာထားခဲ့
တပြည်စီဝေးရမဲ့အဖြစ်တွေမို့
တွေးမိတိုင်းရင်ကငို
မင်းလဲကိုယ့်လို
ခဏခဏငိုခဲ့ဖူးတယ်နော်......
တွေးမိတိုင်းငို
ခွဲခွာစဉ်ကအမှတ်တရ
ပေးခဲ့ကြတဲ့
အနမ်းမိုးတွေ
မစဲပဲလေ
မခွဲပဲနေချင်
ဟိုးအယင်ကာလများဆီကပေါ့
လွမ်းတယ်သခင်
ကျွမ်းဝင်သူသက်ထား
တပြည်စီကွာအဝေးမှာ
ထားခဲ့ရပြီလားလေ...........
အမှတ်တရအဖြစ်ခွဲခဲ့ရတဲ့နေရာက
ညောင်ညိုရိပ်မဟုတ်
နာရီးတား* ဟာနရီစည်းခြားစေခဲ့
ခုတော့ကွယ်
တစ်သက်စာအလွမ်းနဲ့
ကျွမ်းမြေ့ရပြီကောကွယ်
အချစ်ခဲ့ရဆုံး ယောရှီဒါရယ်.......။ ။
*Narita Airport
မှတ်တမ်းလား ဒါ မှ မဟုတ်ဇတ်လမ်းလား........မေးချင်ပါရဲ့)
ချစ်တဲ့သခင်
အလွမ်းပင်ပျိုး
အနမ်းမိုးတွေ
သည်းပြီးတဲ့ခဏ.....
ခွဲကြရမယ်ကြိုတင်သိ
မချိတင်ကဲရင်က
ဖြေသာစရာလေ
နေရာမတွေ့ခဲ့ပါ.....၊
တပြည်သူမောင့်အချစ်ရေ
အတွေးတွေထွေပြားစဉ်ခဏ
ချစ်လိုက်မိတာပဲကို့ကိုကိုယ်
အပြစ်တင်၊အချစ်ဝင်ကြည်ဖြူတာထားခဲ့
တပြည်စီဝေးရမဲ့အဖြစ်တွေမို့
တွေးမိတိုင်းရင်ကငို
မင်းလဲကိုယ့်လို
ခဏခဏငိုခဲ့ဖူးတယ်နော်......
တွေးမိတိုင်းငို
ခွဲခွာစဉ်ကအမှတ်တရ
ပေးခဲ့ကြတဲ့
အနမ်းမိုးတွေ
မစဲပဲလေ
မခွဲပဲနေချင်
ဟိုးအယင်ကာလများဆီကပေါ့
လွမ်းတယ်သခင်
ကျွမ်းဝင်သူသက်ထား
တပြည်စီကွာအဝေးမှာ
ထားခဲ့ရပြီလားလေ...........
အမှတ်တရအဖြစ်ခွဲခဲ့ရတဲ့နေရာက
ညောင်ညိုရိပ်မဟုတ်
နာရီးတား* ဟာနရီစည်းခြားစေခဲ့
ခုတော့ကွယ်
တစ်သက်စာအလွမ်းနဲ့
ကျွမ်းမြေ့ရပြီကောကွယ်
အချစ်ခဲ့ရဆုံး ယောရှီဒါရယ်.......။ ။
*Narita Airport
ဆောင်းမှာဖြစ်တဲ့ဝေဒနာ
(ဘာရယ်ဟုတ်ဖူးရူးခဲ့ရတဲ့အိပ်မက်ရှည်ကြား မှာလေ
စိတ်လဲနာတယ်တချိန်ကမလူးလွန့်သာအချစ်ဆိုတဲ့နှောင်ဖွဲ့တတ်တဲ့အရာ
နှင်းဆီဖူးနဲ့တူတဲ့နှုတ်ခမ်းဖူးဖူးလေးကလိမ်ညာစကားတွေကိုပဲယုံခဲ့တယ်
မာယာနဲ့ဖုံးအုပ်ထားတဲ့အနှောင်အဖွဲကြိုးတွေနဲ့ကျေနပ်စွာကိုယ်တိုင်အချည်ခံခဲ့ရစဉ်ကပေါ့ )
ကြွေပြီဝေပြီ
ပန်းနီနီတို့
ဝတ်ရည်ချိုမြ
ပေးဆပ်ရစေ
ဆုပန်ခြွေပြီး
ပွင့်လေခဲ့လား.......
ဆွေးပြီဝေးပြီ
သည်းနီနီမို့
မကြည်စိတ်ကူး
မုန်းလေဦးဟု
တမ်းဆိုရေရွတ်.........
တွေးပြီငေးပြီ
သွေးနီနီမို့
သူ့ဖို့ဘယ်လိုပေးဆပ်ပါ့...............
နွမ်းပြီ ညမ်းပြီ
လွမ်းနီနီမို့
သူ့ဖို့ဖြေရာ
မရှိပါချေ
အသည်းကြွေကြွေ
မျက်ရည်တွေနဲ့
ရင်မှာနေခက်
ဝေဒနာရက်..........
တမ်းပြီ မှန်းပြီ
နမ်းနီနီမို့
ပန်းရည်ချိုမြ
နှုတ်ခမ်းလှလှ
လွမ်းတညရဲ့
ညည်းအမှတ်တရ
အိပ်မက်ရှည်..........။ ။
စိတ်လဲနာတယ်တချိန်ကမလူးလွန့်သာအချစ်ဆိုတဲ့နှောင်ဖွဲ့တတ်တဲ့အရာ
နှင်းဆီဖူးနဲ့တူတဲ့နှုတ်ခမ်းဖူးဖူးလေးကလိမ်ညာစကားတွေကိုပဲယုံခဲ့တယ်
မာယာနဲ့ဖုံးအုပ်ထားတဲ့အနှောင်အဖွဲကြိုးတွေနဲ့ကျေနပ်စွာကိုယ်တိုင်အချည်ခံခဲ့ရစဉ်ကပေါ့ )
ကြွေပြီဝေပြီ
ပန်းနီနီတို့
ဝတ်ရည်ချိုမြ
ပေးဆပ်ရစေ
ဆုပန်ခြွေပြီး
ပွင့်လေခဲ့လား.......
ဆွေးပြီဝေးပြီ
သည်းနီနီမို့
မကြည်စိတ်ကူး
မုန်းလေဦးဟု
တမ်းဆိုရေရွတ်.........
တွေးပြီငေးပြီ
သွေးနီနီမို့
သူ့ဖို့ဘယ်လိုပေးဆပ်ပါ့...............
နွမ်းပြီ ညမ်းပြီ
လွမ်းနီနီမို့
သူ့ဖို့ဖြေရာ
မရှိပါချေ
အသည်းကြွေကြွေ
မျက်ရည်တွေနဲ့
ရင်မှာနေခက်
ဝေဒနာရက်..........
တမ်းပြီ မှန်းပြီ
နမ်းနီနီမို့
ပန်းရည်ချိုမြ
နှုတ်ခမ်းလှလှ
လွမ်းတညရဲ့
ညည်းအမှတ်တရ
အိပ်မက်ရှည်..........။ ။
နှင်းစက်တို့ရဲ့တည်မြဲခြင်း
(အတ္တအတွေးတခုတည်းနဲ့သခ်ါရတရားကိုဆန့်ကျင်ခဲ့ပေမယ့်
ခုတော့ဘယ်မှာလဲနှင်းစက်
တကယ်ဆိုယင်.....မတည်မြဲနိုင်တဲ့နှင်းပါအစွန်းရောက်အတ္တကြောင့်
တည်မြဲမယ်လို့ထင်ခဲ့တဲ့နှင်းစက် ခုတော့ဘယ်မှာလဲကွယ် )
ဟင်..............
ဖျော့တော့လှတဲ့အပြုံးတခု
မျက်နှာနုနုမှာမြင်ခဲ့
ရင်မှာနွဲ့ခဲ့သူတယောက်
တကောက်ကောက်လိုက်နေတဲ့အရိပ်များစွာ
အတိတ်ခြေရာရင်မှာဖြစ်တည်
ချစ်တာတွေကိုသိနေပြီ။
တကယ်တော့.........
ခပ်ပေါ့ပေါ့ပဲတွေးနေ
လောကရေလို့ဟစ်အော်
ခေါ်လို့မကြားတော့တဲ့အချစ်
ပေါ့ပျက်ပျက်ဖြစ်သွားပြီလို့ထင်!
ဒါလဲမဟုတ်..............
ငုတ်တုတ်ထငြင်း
ရှင်သန်ခြင်းကင်းတဲ့အသည်းနှလုံး
အမြဲတမ်းပြုံးနေနိုင်မှာလား
တခါတရံပြန်လှန်ဆန်းစစ်
သိပ်မချစ်တတ်တော့သလိုဆိုပေမယ့်
ချစ်တတ်နေသေးတာရင်မှာသိ
နင်မသိရင်တော့ငိုချင်
ပြိုလုပြိုခင်သည်းနှလုံး
ဆုံးရှုံးရမှာကိုကြောက်ရဲ့...........
ခိုင်မြဲခြင်းသဘောတရားကို
အပြောသမားအဖြစ်စွဲကိုင်
သင်္ခါ ရ ရဲ့မဏ္ဍိုင်ကိုဆွဲလှုပ်
သရုပ်မပြီပြင်ပေမယ့်
သင်္ခါရကိုခဏမေ့
ထာဝရလို့တွေးရင်း
တဘ၀စာချစ်ခြင်းတွေ
ခိုင်မြဲခြင်းလို့မှတ်ယူ
ပညတ်တူတူထားခဲ့
မှားခဲ့ပေမယ့်ကျေနပ်
နေတတ်ချင်သည်
လောကဆီ............
မျှော်လင့်ခြင်းနဲ့ပေါင်းစပ်တဲ့
ရှင်သန်ခြင်းရဲ့အဓိပါယ်တချို့တ၀က်ကိုက
သင်္ခါရကိုမေ့ထား
တရားမရပေမယ့်
တအားတော့လှတယ်ကွယ်လို့
ခဏခဏမှတ်ချက်ချ...............
မျှော်လင့်ခြင်းကင်းမဲ့တဲ့
ရှင်သန်မှုမျိုးကို
ဘယ်တုန်းကမှမလိုချင်ခဲ့
မျှော်လင့်ချက်နဲ့အသက်ရှင်
သက်ဝင်လှုပ်ရှားတဲ့ဘဝ
ခဏတော့အားငယ်
မကွယ်ဝှက်တမ်းဝန်ခံရယင်
ပိုင်ဆိုင်ချင်ခဲ့..........
ဒါပေမယ့်လေ.......
နင့်ကိုသိပ်ချစ်တဲ့
ငါ့ရဲ့ရင်မှာ
တစ်သက်စာတစ်ဘဝ
Nov-Dec ရဲ့ နှင်းစက်နဲ့ည
ငါတို့တွေမြတ်နိုးနှစ်ခြိုက်ခဲ့တဲ့
နှင်းစက်ရဲ့ညတွေ
ထာဝရခိုင်မြဲ
တည်မြဲခြင်းဆိုတဲ့သဘောတရား
ကာရံစာသားမပါတောင်မှ
ငေါင်တောင်တောင်မဖြစ်
အတ္တအတွေးတခုအဖြစ်နဲ့
ထာဝရတည်ဖြစ်နေပါတယ်။ ။
ခုတော့ဘယ်မှာလဲနှင်းစက်
တကယ်ဆိုယင်.....မတည်မြဲနိုင်တဲ့နှင်းပါအစွန်းရောက်အတ္တကြောင့်
တည်မြဲမယ်လို့ထင်ခဲ့တဲ့နှင်းစက် ခုတော့ဘယ်မှာလဲကွယ် )
ဟင်..............
ဖျော့တော့လှတဲ့အပြုံးတခု
မျက်နှာနုနုမှာမြင်ခဲ့
ရင်မှာနွဲ့ခဲ့သူတယောက်
တကောက်ကောက်လိုက်နေတဲ့အရိပ်များစွာ
အတိတ်ခြေရာရင်မှာဖြစ်တည်
ချစ်တာတွေကိုသိနေပြီ။
တကယ်တော့.........
ခပ်ပေါ့ပေါ့ပဲတွေးနေ
လောကရေလို့ဟစ်အော်
ခေါ်လို့မကြားတော့တဲ့အချစ်
ပေါ့ပျက်ပျက်ဖြစ်သွားပြီလို့ထင်!
ဒါလဲမဟုတ်..............
ငုတ်တုတ်ထငြင်း
ရှင်သန်ခြင်းကင်းတဲ့အသည်းနှလုံး
အမြဲတမ်းပြုံးနေနိုင်မှာလား
တခါတရံပြန်လှန်ဆန်းစစ်
သိပ်မချစ်တတ်တော့သလိုဆိုပေမယ့်
ချစ်တတ်နေသေးတာရင်မှာသိ
နင်မသိရင်တော့ငိုချင်
ပြိုလုပြိုခင်သည်းနှလုံး
ဆုံးရှုံးရမှာကိုကြောက်ရဲ့...........
ခိုင်မြဲခြင်းသဘောတရားကို
အပြောသမားအဖြစ်စွဲကိုင်
သင်္ခါ ရ ရဲ့မဏ္ဍိုင်ကိုဆွဲလှုပ်
သရုပ်မပြီပြင်ပေမယ့်
သင်္ခါရကိုခဏမေ့
ထာဝရလို့တွေးရင်း
တဘ၀စာချစ်ခြင်းတွေ
ခိုင်မြဲခြင်းလို့မှတ်ယူ
ပညတ်တူတူထားခဲ့
မှားခဲ့ပေမယ့်ကျေနပ်
နေတတ်ချင်သည်
လောကဆီ............
မျှော်လင့်ခြင်းနဲ့ပေါင်းစပ်တဲ့
ရှင်သန်ခြင်းရဲ့အဓိပါယ်တချို့တ၀က်ကိုက
သင်္ခါရကိုမေ့ထား
တရားမရပေမယ့်
တအားတော့လှတယ်ကွယ်လို့
ခဏခဏမှတ်ချက်ချ...............
မျှော်လင့်ခြင်းကင်းမဲ့တဲ့
ရှင်သန်မှုမျိုးကို
ဘယ်တုန်းကမှမလိုချင်ခဲ့
မျှော်လင့်ချက်နဲ့အသက်ရှင်
သက်ဝင်လှုပ်ရှားတဲ့ဘဝ
ခဏတော့အားငယ်
မကွယ်ဝှက်တမ်းဝန်ခံရယင်
ပိုင်ဆိုင်ချင်ခဲ့..........
ဒါပေမယ့်လေ.......
နင့်ကိုသိပ်ချစ်တဲ့
ငါ့ရဲ့ရင်မှာ
တစ်သက်စာတစ်ဘဝ
Nov-Dec ရဲ့ နှင်းစက်နဲ့ည
ငါတို့တွေမြတ်နိုးနှစ်ခြိုက်ခဲ့တဲ့
နှင်းစက်ရဲ့ညတွေ
ထာဝရခိုင်မြဲ
တည်မြဲခြင်းဆိုတဲ့သဘောတရား
ကာရံစာသားမပါတောင်မှ
ငေါင်တောင်တောင်မဖြစ်
အတ္တအတွေးတခုအဖြစ်နဲ့
ထာဝရတည်ဖြစ်နေပါတယ်။ ။
စူဠသုဘဒ္ဒါမျက်ဖြေ
(အမုန်းရန်ငြိုး ကဘေးဖြစ်တတ်ကြောင်းကိုလေ
သုဘဒ္ဒါကောင်းကောင်းပြောသွားဖူးခဲ့တယ် . . . )
မောင် တော် ဘု ရားရယ်
အငယ်နှောင်းမို့ ၀န်တိုစိတ်နဲ.ငြိုးမာန်ဖွဲ.ကာ
ဘ၀ဟောင်းကိုပြန်ပြောင်းသတိရစေဖို့..........
အမျက်သိုဆုတောင်းလိုက်မိတယ်.......
တကယ်တော့ ဆန္ဒန် အိုင်မှာ.....
သုံးဦးသားပျော်မြူးစွာလက်တွဲ
ပျော်ပိုက် ခဲ. ရတဲ. အဖြစ်တွေ
ပြန်မြင် ယောင် မိ တော မှ
မိုက်မဲတဲ.ကိုယ့် အပြစ် ကိုယ်မြင်
မောင်တော့်အစွယ် အစုံ ကို
နားမှာပန်ဖို.ဝေး ၊ စိတ်လေးနဲ့တောင်မှ
မပြစ်မှားရက်အောင်ပါလေ.......
ဝန်တိုစိတ်ရယ်ကြောင်.
နှလုံးသားလောင်မြိုက်ကျွမ်းကာ
အင်ကြင်းခိုင် ကခါချဉ် ကောင် ရယ်ကြောင်.
မုန်းမျက်မာန်ဖွဲ့ကာငြိုးမိတယ်
ခွင်. လွှတ် ပါ မပြောသာတော့တဲ့အခါမို့
စိတ်နှလုံး အစဉ်ကွဲကြေ ပြုန်းကာ
စွယ်အစုံ ရင် မှာပိုက်ပါလို့
သောနုတ္ထို ရဲ့ ရှေ့ မှာ ပဲ
နှလုံးကြေ ကွဲ သေပွဲဝင်ရ မှာပါမောင်တော်ဆန္ဒန်၊
အတိတ်က ပြုဖူးကုသိုလ် ထူးရယ်ကြောင့်
ပြန်ပြောင်းကာ ကလဲ့စားချေရ လည်း
ပြစ်မှားမိတဲ့ကြွေးရယ်ကြောင်.
တကယ်.ရင်ကအချစ်အစစ်မှန်နဲ့
မောင်တော့်မှာစကားကို
အနှစ်တွေသာစုပြီးကြားမိတဲ့အခါ
စူဠမှာလေ နှလုံးအိမ်ကွဲကြေပြုန်း ကာ
မောင်တော့်စွယ်အစုံကို ရင်မှာပိုက်လို့
အမြဲကြွေလွင်.ခဲ. ပါပြီမောင် တော်။ ။
သုဘဒ္ဒါကောင်းကောင်းပြောသွားဖူးခဲ့တယ် . . . )
မောင် တော် ဘု ရားရယ်
အငယ်နှောင်းမို့ ၀န်တိုစိတ်နဲ.ငြိုးမာန်ဖွဲ.ကာ
ဘ၀ဟောင်းကိုပြန်ပြောင်းသတိရစေဖို့..........
အမျက်သိုဆုတောင်းလိုက်မိတယ်.......
တကယ်တော့ ဆန္ဒန် အိုင်မှာ.....
သုံးဦးသားပျော်မြူးစွာလက်တွဲ
ပျော်ပိုက် ခဲ. ရတဲ. အဖြစ်တွေ
ပြန်မြင် ယောင် မိ တော မှ
မိုက်မဲတဲ.ကိုယ့် အပြစ် ကိုယ်မြင်
မောင်တော့်အစွယ် အစုံ ကို
နားမှာပန်ဖို.ဝေး ၊ စိတ်လေးနဲ့တောင်မှ
မပြစ်မှားရက်အောင်ပါလေ.......
ဝန်တိုစိတ်ရယ်ကြောင်.
နှလုံးသားလောင်မြိုက်ကျွမ်းကာ
အင်ကြင်းခိုင် ကခါချဉ် ကောင် ရယ်ကြောင်.
မုန်းမျက်မာန်ဖွဲ့ကာငြိုးမိတယ်
ခွင်. လွှတ် ပါ မပြောသာတော့တဲ့အခါမို့
စိတ်နှလုံး အစဉ်ကွဲကြေ ပြုန်းကာ
စွယ်အစုံ ရင် မှာပိုက်ပါလို့
သောနုတ္ထို ရဲ့ ရှေ့ မှာ ပဲ
နှလုံးကြေ ကွဲ သေပွဲဝင်ရ မှာပါမောင်တော်ဆန္ဒန်၊
အတိတ်က ပြုဖူးကုသိုလ် ထူးရယ်ကြောင့်
ပြန်ပြောင်းကာ ကလဲ့စားချေရ လည်း
ပြစ်မှားမိတဲ့ကြွေးရယ်ကြောင်.
တကယ်.ရင်ကအချစ်အစစ်မှန်နဲ့
မောင်တော့်မှာစကားကို
အနှစ်တွေသာစုပြီးကြားမိတဲ့အခါ
စူဠမှာလေ နှလုံးအိမ်ကွဲကြေပြုန်း ကာ
မောင်တော့်စွယ်အစုံကို ရင်မှာပိုက်လို့
အမြဲကြွေလွင်.ခဲ. ပါပြီမောင် တော်။ ။
သုညနဲ့မြှောက်တဲ့ရလဒ်
(ဘာနဲ့မှစားလို့မရတဲ့အခါသုညနဲ့မြှောက်ပစ်လိုက်တယ်
အေးရော . . . )
ရင်တွေကွဲပေါင်း
များလှပြီ
မခံစားနိုင်တော့လို့...........
ကြောက်လှပါပြီကံတရားရေ
ပြန်စားမရတဲ့အဆုံး
သုညနဲ့မြှောက်ပစ်ခဲ့ပေါင်းလဲ
အကြိမ်ကြိမ်ပါပဲ..................
ပြန်မပြောချင်တဲ့
သံယောဇဉ်ဘ၀ကို
ရှင်ခန်း၊သေခန်း
ဖြတ်သန်းလာတဲ့အခါ
ကြေကွဲဆို့နင့်
ရင်ကအချစ်တွေ
မြင်သမျှအဖြစ်တွေဟာ
ကိုယ်ဆိုးတာလဲပါရဲ့
ကံဆိုးတာလဲပါခဲ့
ဟုတ်ပါတယ်.......
ခနဲ့တဲ့တဲ့မပြုံးပါနဲ့
အရှုံးနဲ့ပါ
ကံကြမ္မာရယ်။ ။
အေးရော . . . )
ရင်တွေကွဲပေါင်း
များလှပြီ
မခံစားနိုင်တော့လို့...........
ကြောက်လှပါပြီကံတရားရေ
ပြန်စားမရတဲ့အဆုံး
သုညနဲ့မြှောက်ပစ်ခဲ့ပေါင်းလဲ
အကြိမ်ကြိမ်ပါပဲ..................
ပြန်မပြောချင်တဲ့
သံယောဇဉ်ဘ၀ကို
ရှင်ခန်း၊သေခန်း
ဖြတ်သန်းလာတဲ့အခါ
ကြေကွဲဆို့နင့်
ရင်ကအချစ်တွေ
မြင်သမျှအဖြစ်တွေဟာ
ကိုယ်ဆိုးတာလဲပါရဲ့
ကံဆိုးတာလဲပါခဲ့
ဟုတ်ပါတယ်.......
ခနဲ့တဲ့တဲ့မပြုံးပါနဲ့
အရှုံးနဲ့ပါ
ကံကြမ္မာရယ်။ ။
ရဲရဲမုန်း
ရဲရဲမုန်း
ပွင့်ပြီပဲ
ရဲရဲပွင့်
ငုံအဆင့်
ထုံဝတ်က
သင်းလို့ပျံ
ရင့်ယော်ကြွေ
မြေကိုမှန်း
အခြေနေ
မဆန်းတော့
လေပွေရယ်
ရမ်းလေပေါ့။
ချစ်ပြီပဲ
ရဲရဲချစ်
မယုံသင့်
ယုံသင့်လဲ
ပုံမချစ်နဲ့
မရင့်ကြွေ
မယော်နွမ်း
အခြေနေ
မမှန်တော့
လေပွေတိုး
မကျိုးနိုင်
နေခြည်ထိုး
မညှိုးနိုင်။
မုန်းပြီပဲ
ရဲရဲမုန်း
အတွေးဆုံး
ဗြုန်းဆိုတွေ့
မှားအပြည့်
ဆုံးဖြတ်ရစ်
မုန်းမရပ်သင့်။ ။
ပွင့်ပြီပဲ
ရဲရဲပွင့်
ငုံအဆင့်
ထုံဝတ်က
သင်းလို့ပျံ
ရင့်ယော်ကြွေ
မြေကိုမှန်း
အခြေနေ
မဆန်းတော့
လေပွေရယ်
ရမ်းလေပေါ့။
ချစ်ပြီပဲ
ရဲရဲချစ်
မယုံသင့်
ယုံသင့်လဲ
ပုံမချစ်နဲ့
မရင့်ကြွေ
မယော်နွမ်း
အခြေနေ
မမှန်တော့
လေပွေတိုး
မကျိုးနိုင်
နေခြည်ထိုး
မညှိုးနိုင်။
မုန်းပြီပဲ
ရဲရဲမုန်း
အတွေးဆုံး
ဗြုန်းဆိုတွေ့
မှားအပြည့်
ဆုံးဖြတ်ရစ်
မုန်းမရပ်သင့်။ ။
နှင်းစက်တို့ရဲ့ပြိုကွဲခြင်း
နှင်းစက်တို့ရဲ့ပြိုကွဲခြင်း
ဘာဆိုဘာမှအမြဲမရှိတဲ့
အနိစ္စကမ္ဘာတခုမှာ
တည်မြဲနေတယ်ဆိုတာ
ဘာမှမရှိတဲ့အရာ
အဲဒီ.....ဘာမှမရှိတဲ့အရာကို
တွယ်တာတမ်းငြိမက်မော
အခက်ဇောပွေ
နွေမှပင်မရောက်သေး
လွမ်းရတဲ့ဇာတ်မကုန်သေးခင်မှာ
ညောင်ညိုပင်ရိပ်မှာထိုင်
ငိုင်တိငိုင်တိုင်တွေး
ထွေရာလေးပါးအတွေးတွေကြား
နှင်းစက်ဆိုတာတည်မြဲမယ်လို့
မိုက်မဲစွာယုံကြည်ခြင်းတရား
သဘာဝရဲ့အနားသတ်မျဉ်းတခုမှာ
အပြီးတိုင်စွန့်ခွာ
နှင်းဆိုတာခဏပါပဲလား.............
အင်းလေ......"နှင်းပျောက်တဲ့နွေ"ဆိုတဲ့
သီချင်းဆိုတာလဲရှိသားမဟုတ်လား
ဘ၀ဆိုတာနှင်းစက်တွေ၊မိုးစက်တွေ
သဘာဝနေမင်းကြီးရဲ့ပွေ့ပိုက်မှုတွေ
အဲတာတွေအားလုံးဟာမတည်မြဲခဲ့
ဘ၀ဆိုတဲ့ခဏတာကာလတခုမှာ
တွေ့ဆုံခြင်း၊ကွဲကွာခြင်း၊ခွဲခွာခြင်း
ဓမ္မတွေကြားထဲမှာ
ဘုရားရှင်တောင်မှမလွန်ဆန်ခဲ့တဲ့
သင်္ခါရသဘောကို၊ငါဆိုတဲ့အတ္တတခုနဲ့
အစဉ်ထာဝရလို့ပိုက်ခဲ့ပေမယ့်
အဲတာဟာတခဏလို့
လက်တွေ့သိလိုက်ရတဲ့အခါ
သာယာယစ်မူးမိန်းမောနေတဲ့
အိပ်မက်ဆိုတဲ့အရာကနေ
လန့်ဖျတ်စွာနိုးထလာခဲ့
အဲဒီအချိန်မှာဘ၀ဆိုတဲ့ခဏအချိန်ဟာ
သုံးပုံတပုံကိုကျော်လွန်လာခဲ့
အဲဒီအချိန်မှာလန့်ဖျတ်စွာ
နှင်းစက်ထုတို့ပြိုကွဲနေခဲ့ပြီ.....။
အဲတာတောင်မှ.............
တချိန်ကအလွန်နှမျောတွန့်တိုခဲ့တဲ့
အချိန်တချို့တလေတွေထဲက
အစအနတချို့လွင့်ပါသွားခဲ့ရပြီ
ဘာမှမတည်မြဲတဲ့လောကထဲမှာ
ဟိုး......လွန်ခဲ့တဲ့နှစ်ပေါင်းမျာစွာက
လူတွေသတ်မှတ်ခဲ့တဲ့အချိန်ကို
ဘယ်လူတွေကမှအစိုးမရခဲ့
သဘာဝတရားက
ခဏဆိုတဲ့ကန့်သတ်ချက်လက်မှတ်တခု
လူတွေကိုထုတ်ပေးထားခဲ့
အဲဒီလက်မှတ်ကိုကိုင်ဆောင်
သံသရာမှာခရီးသွာခဲ့ပေမယ့်
ငါ ငါ ငါ ဆိုတဲ့ ငါတကောကောအတ္တကြားမှာ
သဘာဝတရားကသတ်မှတ်ထားတဲ့
မမြင်ရတဲ့၊အတုလုပ်လို့မရတဲ့
သင်္ခါရဆိုတဲ့ဇတ်တခု
အဲတာဟာမတည်မြဲခြင်းတရားပေပဲ။
အမှန်တော့............
ငါဆိုတဲ့အတ္တ
ဘ၀ဆိုတဲ့သမုဒယ
တွယ်တာခြင်းဆိုတဲ့တဏှာ
မောဟဆိုတဲ့အမြိုက်တရား
ဒေါသဆိုတဲ့အရာကဖြိုခွင်းသွားခဲ့
ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်ပါသတဲ့၊
စစ်မဲ့တဲ့ကမ္ဘာကြီးဟာငြိမ်းချမ်းနေမတဲ့လား
ဘ၀ဆိုတဲ့လူမှုရေးတိုက်ပွဲတွေ
သံသရာရေလျဉ်ကြောမှာအဖန်တရာတေအောင်မျောမဲ့
တပ်မက်မှုတိုက်ပွဲတွေကြားမှာ
ကမ္ဘာကြီးဟာတကယ်ငြိမ်းချမ်းသွားမှာလား။
ဘာပဲဖြစ်ဖြစ်လေ.............
အမှန်တရားဆိုတာကို
တကယ်ရှာလို့တွေ့လိုက်ချိန်မှာ
နှင်းစက်ဆိုတာတွေဟာလွင့်ပြယ်
အိုဇုံးလွှာပါးလှပ်မှုဆိုတဲ့အန္တရာယ်
ဖန်လုံအိမ် ဥပဒေသနဲ့
တိုးတက်ခြင်းအတွက်သဘာဝကပေးတဲ့ဆုလာဘ်
အမှန်တရားဆိုတဲ့ကံစမ်းမဲမဟုတ်တဲ့
ကမ္ဘာကြီးပူနွေးလာခြင်းဥပဒေသ
အဲတာတွေအာလုံးရဲ့အောက်မှာ
နှင်းစက်ဆိုတာပြားပြားဝပ်ခစါး
ရန်ကုန်ဆောင်းဆိုတာနှင်းတွေနဲ့ဝေဖို့ဝေး
အေးတောင်မှမအေးတော့တာ
ခုခေတ်ကလေးတွေကိုပြောပြယင်ရီမယ်
တခါကနှင်းတွေဝေခဲ့ဘူးတယ်ဆိုယင်............
တကယ်တော့နှင်းစက်ဆိုတာဒဏ္ဍာရီတခုပါ။ ။
ဘာဆိုဘာမှအမြဲမရှိတဲ့
အနိစ္စကမ္ဘာတခုမှာ
တည်မြဲနေတယ်ဆိုတာ
ဘာမှမရှိတဲ့အရာ
အဲဒီ.....ဘာမှမရှိတဲ့အရာကို
တွယ်တာတမ်းငြိမက်မော
အခက်ဇောပွေ
နွေမှပင်မရောက်သေး
လွမ်းရတဲ့ဇာတ်မကုန်သေးခင်မှာ
ညောင်ညိုပင်ရိပ်မှာထိုင်
ငိုင်တိငိုင်တိုင်တွေး
ထွေရာလေးပါးအတွေးတွေကြား
နှင်းစက်ဆိုတာတည်မြဲမယ်လို့
မိုက်မဲစွာယုံကြည်ခြင်းတရား
သဘာဝရဲ့အနားသတ်မျဉ်းတခုမှာ
အပြီးတိုင်စွန့်ခွာ
နှင်းဆိုတာခဏပါပဲလား.............
အင်းလေ......"နှင်းပျောက်တဲ့နွေ"ဆိုတဲ့
သီချင်းဆိုတာလဲရှိသားမဟုတ်လား
ဘ၀ဆိုတာနှင်းစက်တွေ၊မိုးစက်တွေ
သဘာဝနေမင်းကြီးရဲ့ပွေ့ပိုက်မှုတွေ
အဲတာတွေအားလုံးဟာမတည်မြဲခဲ့
ဘ၀ဆိုတဲ့ခဏတာကာလတခုမှာ
တွေ့ဆုံခြင်း၊ကွဲကွာခြင်း၊ခွဲခွာခြင်း
ဓမ္မတွေကြားထဲမှာ
ဘုရားရှင်တောင်မှမလွန်ဆန်ခဲ့တဲ့
သင်္ခါရသဘောကို၊ငါဆိုတဲ့အတ္တတခုနဲ့
အစဉ်ထာဝရလို့ပိုက်ခဲ့ပေမယ့်
အဲတာဟာတခဏလို့
လက်တွေ့သိလိုက်ရတဲ့အခါ
သာယာယစ်မူးမိန်းမောနေတဲ့
အိပ်မက်ဆိုတဲ့အရာကနေ
လန့်ဖျတ်စွာနိုးထလာခဲ့
အဲဒီအချိန်မှာဘ၀ဆိုတဲ့ခဏအချိန်ဟာ
သုံးပုံတပုံကိုကျော်လွန်လာခဲ့
အဲဒီအချိန်မှာလန့်ဖျတ်စွာ
နှင်းစက်ထုတို့ပြိုကွဲနေခဲ့ပြီ.....။
အဲတာတောင်မှ.............
တချိန်ကအလွန်နှမျောတွန့်တိုခဲ့တဲ့
အချိန်တချို့တလေတွေထဲက
အစအနတချို့လွင့်ပါသွားခဲ့ရပြီ
ဘာမှမတည်မြဲတဲ့လောကထဲမှာ
ဟိုး......လွန်ခဲ့တဲ့နှစ်ပေါင်းမျာစွာက
လူတွေသတ်မှတ်ခဲ့တဲ့အချိန်ကို
ဘယ်လူတွေကမှအစိုးမရခဲ့
သဘာဝတရားက
ခဏဆိုတဲ့ကန့်သတ်ချက်လက်မှတ်တခု
လူတွေကိုထုတ်ပေးထားခဲ့
အဲဒီလက်မှတ်ကိုကိုင်ဆောင်
သံသရာမှာခရီးသွာခဲ့ပေမယ့်
ငါ ငါ ငါ ဆိုတဲ့ ငါတကောကောအတ္တကြားမှာ
သဘာဝတရားကသတ်မှတ်ထားတဲ့
မမြင်ရတဲ့၊အတုလုပ်လို့မရတဲ့
သင်္ခါရဆိုတဲ့ဇတ်တခု
အဲတာဟာမတည်မြဲခြင်းတရားပေပဲ။
အမှန်တော့............
ငါဆိုတဲ့အတ္တ
ဘ၀ဆိုတဲ့သမုဒယ
တွယ်တာခြင်းဆိုတဲ့တဏှာ
မောဟဆိုတဲ့အမြိုက်တရား
ဒေါသဆိုတဲ့အရာကဖြိုခွင်းသွားခဲ့
ကမ္ဘာကြီးကိုငြိမ်းချမ်းစေချင်ပါသတဲ့၊
စစ်မဲ့တဲ့ကမ္ဘာကြီးဟာငြိမ်းချမ်းနေမတဲ့လား
ဘ၀ဆိုတဲ့လူမှုရေးတိုက်ပွဲတွေ
သံသရာရေလျဉ်ကြောမှာအဖန်တရာတေအောင်မျောမဲ့
တပ်မက်မှုတိုက်ပွဲတွေကြားမှာ
ကမ္ဘာကြီးဟာတကယ်ငြိမ်းချမ်းသွားမှာလား။
ဘာပဲဖြစ်ဖြစ်လေ.............
အမှန်တရားဆိုတာကို
တကယ်ရှာလို့တွေ့လိုက်ချိန်မှာ
နှင်းစက်ဆိုတာတွေဟာလွင့်ပြယ်
အိုဇုံးလွှာပါးလှပ်မှုဆိုတဲ့အန္တရာယ်
ဖန်လုံအိမ် ဥပဒေသနဲ့
တိုးတက်ခြင်းအတွက်သဘာဝကပေးတဲ့ဆုလာဘ်
အမှန်တရားဆိုတဲ့ကံစမ်းမဲမဟုတ်တဲ့
ကမ္ဘာကြီးပူနွေးလာခြင်းဥပဒေသ
အဲတာတွေအာလုံးရဲ့အောက်မှာ
နှင်းစက်ဆိုတာပြားပြားဝပ်ခစါး
ရန်ကုန်ဆောင်းဆိုတာနှင်းတွေနဲ့ဝေဖို့ဝေး
အေးတောင်မှမအေးတော့တာ
ခုခေတ်ကလေးတွေကိုပြောပြယင်ရီမယ်
တခါကနှင်းတွေဝေခဲ့ဘူးတယ်ဆိုယင်............
တကယ်တော့နှင်းစက်ဆိုတာဒဏ္ဍာရီတခုပါ။ ။
POOR PLASTIC FLOWER
Hey! please see there is a beautiful rose ,
It is on the table of dinning room it is so beautiful,
But it was real or imitation who will know,
Some one know which is poor plastic flower.
Oh ! there is without love but can love with plastic heart,
But, please do not say easily my dear! you can't understand your heart,
In the namely forest the flower is only name,
It is not really flower with the named rose.
The rose is only of the flower's name,
If you change the name of rose to ox,
But the flower will be flower on it own proud,
The flower is plastic or not is not important.
Rich or poor is not important,
Flower will be flower,
And it has own power of flower and it will be happily,
On it own,the name of flower and it own beauty and power,
If you want to be a flower plastic or real,
You can't be.
Flower will be flower and you will be you,
You can't never be a flower plastic or not,
Rich or poor is not a problem,
If it has own quality,
It can be go through every where ,any timeand any diffcult,
Thus every flower have their own energy,
Poor plastic flower can see beautifully in our eye,
Poor plastic flower can be use any season any time and any where,
But now it is using every where,but it has no smell,
Now poor plastic flower can pride like imitation love.
Now! who can say it has no high or low level without understanding.
It is on the table of dinning room it is so beautiful,
But it was real or imitation who will know,
Some one know which is poor plastic flower.
Oh ! there is without love but can love with plastic heart,
But, please do not say easily my dear! you can't understand your heart,
In the namely forest the flower is only name,
It is not really flower with the named rose.
The rose is only of the flower's name,
If you change the name of rose to ox,
But the flower will be flower on it own proud,
The flower is plastic or not is not important.
Rich or poor is not important,
Flower will be flower,
And it has own power of flower and it will be happily,
On it own,the name of flower and it own beauty and power,
If you want to be a flower plastic or real,
You can't be.
Flower will be flower and you will be you,
You can't never be a flower plastic or not,
Rich or poor is not a problem,
If it has own quality,
It can be go through every where ,any timeand any diffcult,
Thus every flower have their own energy,
Poor plastic flower can see beautifully in our eye,
Poor plastic flower can be use any season any time and any where,
But now it is using every where,but it has no smell,
Now poor plastic flower can pride like imitation love.
Now! who can say it has no high or low level without understanding.
FULL MOON FROM DREAM ISLAND
Oh................
My dear you are away from me,
But I have a dream Island.
There was very beautiful dream city.
We are near but we are away,
We are face to face,
But we are back to back.
Oh.............My dear...........
I have a dream island,
There was a little world,
It's my own world , very neat and tidy.
It has always always beautiful with,
Full moon of moon light shadow.
But I don't like it.
Oh............My dear..............
My hopelessd days are coming,
When you are away.
You may be away from me.
But I want to be full moon everyday,
In my dream island and,
I am dreaming now.
I don't want to be wake up from my dream,
And I don't want to wake up forever,
When you are not near me!!!!!!
My dear you are away from me,
But I have a dream Island.
There was very beautiful dream city.
We are near but we are away,
We are face to face,
But we are back to back.
Oh.............My dear...........
I have a dream island,
There was a little world,
It's my own world , very neat and tidy.
It has always always beautiful with,
Full moon of moon light shadow.
But I don't like it.
Oh............My dear..............
My hopelessd days are coming,
When you are away.
You may be away from me.
But I want to be full moon everyday,
In my dream island and,
I am dreaming now.
I don't want to be wake up from my dream,
And I don't want to wake up forever,
When you are not near me!!!!!!
Don't hate me with smile
Sometime.......
We want smile !
But we can't.
Sometime........
We want cry !
But we can't
Smile and cry
Nothing we can't do
Your answer......
To smile.......
Your answer.......
To cry................
Not to be smile,
Not to be cry,
Don't hate me with smile.
We want smile !
But we can't.
Sometime........
We want cry !
But we can't
Smile and cry
Nothing we can't do
Your answer......
To smile.......
Your answer.......
To cry................
Not to be smile,
Not to be cry,
Don't hate me with smile.
THE LOVER'S APPLE
And wilt thou leave me thus?
Say nay!say nay! for shame!
To save thee from the blame
Of all my grief and grame.
And wilt thou leave me thus?
Say nay! say nay!
And wilt thou leave me thus,
That hath loved thee so long
In wealth and woe among?
And is thy heart so strong
As for to leave me thus?
Say nay! say nay!
And wilt thou leave me thus,
That hath given thee my heart
Never for to depart
Neither for pain nor smart?
And wilt thou leave me thus?
Say nay! say nay!
And wilt thou leave me thus,
And have no more pity
Of him that loveth thee?
Alas! thy cruelty!
And wilt thou leave me thus?
Say nay!say nay!
Sir T.Wyatt
Say nay!say nay! for shame!
To save thee from the blame
Of all my grief and grame.
And wilt thou leave me thus?
Say nay! say nay!
And wilt thou leave me thus,
That hath loved thee so long
In wealth and woe among?
And is thy heart so strong
As for to leave me thus?
Say nay! say nay!
And wilt thou leave me thus,
That hath given thee my heart
Never for to depart
Neither for pain nor smart?
And wilt thou leave me thus?
Say nay! say nay!
And wilt thou leave me thus,
And have no more pity
Of him that loveth thee?
Alas! thy cruelty!
And wilt thou leave me thus?
Say nay!say nay!
Sir T.Wyatt
Subscribe to:
Posts (Atom)